Events
အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) သစ်တောထွက်ပစ္စည်းကဏ္ဍ အကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
Updated At: 2023-10-14 00:39:57
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) သစ်တောထွက်ပစ္စည်းကဏ္ဍ အကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များ စုစုပေါင်း (၂၄) ဦး တက် ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ ထိန်လင်းက ကဏ္ဍကော်မတီကို Update ပြုလုပ်ခြင်း၊ လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော် ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက်တက်ရောက်လာကြသူများက သစ်တောထွက်ပစ္စည်းကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်များကို ပြင်ဆင်/ ဖြည့်စွက်ရန်၊ သက်ဆိုင်ရာ ဌာန/အသင်းအဖွဲ့များအလိုက် လုပ်ငန်းစီမံချက် (Plan of Actions – PoAs) ပါ လုပ်ငန်းစဉ်များအပေါ်တွင် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ ကို ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် PoA ပါ လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် သစ်တောသိပ္ပံနှင့် နည်းပညာအတွက် သီးသန့်ရည်ရွယ်သော လေ့ကျင့်သင်ကြားရေးဗဟိုဌာနတစ်ခု တည်ထောင်ရေးနှင့် ပတ်သက်၍ အစိုးရ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားကြရန်၊ သစ်တောထွက်ပစ္စည်းတင်ပို့ရန်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လျာထားချက်သည် အမေရိကန်ဒေါ်လာ သန်း ၁၆၀ ဖြစ်သော်လည်း စက်တင်ဘာလကုန်အထိ ၃၃.၈၉၉ သန်းသာ တင်ပို့နိုင်သေးသည့်အတွက် သက်ဆိုင်ရာဌာန၊ အသင်းအဖွဲ့များမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်၊ PoA ပါလုပ်ငန်းစဉ်များအနက် သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ပြီးစီးသော လုပ်ငန်းစဉ်များအတွက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သို့ တရားဝင်စာဖြင့် အသိပေးအကြောင်းကြားရန်စသည်တို့ကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လည် (၁၂:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

More Events
“73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
Date: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ